Thursday, April 14, 2011

No Body Love me နှင့်အခြားကဗျာများစုစည်းမှု။

No Body Love me နှင့်အခြားကဗျာများစုစည်းမှု။

Friday, December 3, 2010

           

Saturday, May 1, 2010

နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာအပိုင်း(၉)

ရဲဘော်ဇော်လွင်(ခ)ရဲဘော်ကျော်စိုး
                                                     ဝါးရုံလှဲတိုက်ပွဲ။
၁၉၉၆ခုနှစ်။ နိုဝင်ဘာ(၁)ရက်၊
မှတ်မှတ်ရရသတိတွေရနေမိသည်။၁၉၉၆ခုနှစ်။ အောက်တိုဘာ(၃ဝ)ရက်နေ့ ဖြစ်သည်၊ ကျနော်တို့ (မိုးကြိုး)အလုပ်အဖွဲ့မှာသာမိတိုက် တောင်ခြေရှိ ဆင်အံတောင်ရွာကလေ့း စခန်းချဖြစ်ကြသည်။ထိုနေ့သည်ခါတိုင်းနေ့  တွေလိုပဲမည်သည့်သတင်းမှထူးခြားမှုမရှိသောကြောင့်ယာယီပုခက်တဲကိုယ်စီ နေရာယူကြသည်။တပ်စိတ်မှုးရဲဘော်ဇော်လွင်မှာပဲခင်းထဲမှငြုပ်သီးစိမ်းအချို့ ။ချဉ်ပေါင်ရွက်အချို့ ခူးလာသည်။သူ၏တဲဘေး၌ရဲဘော်အားလုံးအတွက်ထမင်းချက်ရန်မီးမွှေးနေသည်။ကျနော်က-ဘာဟင်းချက်မလဲမေးတော့-သူက -ချဉ်ပေါင်ရွက်နဲ့  ငြုပ်သီးရောပြီးချဉ်စပ်လေးချက်မလို့ ဟုပြန်ပြောသည်။ညနေထမင်းချက်ချိန်ကမိုးချုပ်စပြုပြီ၊ အင်တိုင်းပင်များအပေါ်မှ ရှဥ့်ကြွက်ကလေးများ မိုးချုပ်စမှာဟိုကူး။ ဒီကူးနှင့်တွေ့ နေရသည်။အင်တိုင်ပျိုပင်များအပေါ်မှအရွက်ဖားဖားကြီးတွေက ဆင်နားရွက်ကြီးတွေလို မလှုပ်မခတ်ငြိမ်သက်လျှက်။တချို့ ရေဒီယိုဖွင့်သံကြားနေရသည်။ထမင်းချက်သည့်နေရာနှင့်မလှမ်းမကမ်းချုံနွယ်စပ့် တပ်မှုးအချို့ တီးတိုးတီးတိုးဆွေးနွေးနေသံကြားနေရသည်။ထမင်းဟန်းကောသုံးလုံးကျပြီးဟင်းအိုးတည်ချိန့် ရဲဘော်ဇော်လွင်မှ အင်ဖက်တွေခူးလာပြီး ထမင်းစားကြရန် ပြင်ဆင်နေသည်။တဲတိုက်ဘေးမှနှုတ်လာသည့်စပယ်လင်ပင်ကို ငါးပိဖုတ် နှင့် ရောထောင်းနေသည်။ ရဲဘော်တွေကိုထမင်းစားကြရန်လှမ်းခေါ်ပြီးမြေဝိုင်းထမင်းပွဲလေ့း လက်ရည်တပြင်တည်း ထမင်းလက်စုံစားကြ သည်။မိုးသားတိမ်လိမ့်တို့ က တောစပ်အရောင်နှင့် မဲမှောင်နေလိုက်တာများ။

ရဲဘော်ဂျာ ပြင်ဆင်ထားပါ-ခရီးထွက်မယ်။
သတင်းထူးတာဖြစ်လိမ့်မည်။ရန်သူမိအိ'ကီးအောက်ရွာ။ ဒါမှမဟုတ် ကြို့ ချောင်းရွာမှာများ ရန်သူ့ တပ်ရောက် နေပြီလား။ခါတိုင်းလိုပဲ ခေတ္တစခန်းပြောင်းရွှေ့တာပဲလား။
မလိုအပ်တဲ့ပစ္စည်းတွေသိမ်းခဲ့၊ ခရီးဝေးမယ်။
ဟုတ်ပါပြီရန်သူရောက်ရင်ရောက် မဟုတ်ရင် တခုခုတော့တခုခုပဲ။ကျနော်တို့ ငြိမ်သက်စွာခ၇ီးထွက်ကြသည်။နာရီဝက်လောက်ခန့် သွားရ သည့်နေရာရောက်တော့ လယ်ကွင်းနှင့် အင်တိုင်းတောစပ်။အရှေ့ ၊အနောက်။တောင်၊မြောက်ကို စိတ်မှန်းဖြင့် ခန့် မှန်းနေမိသည်။ကျနော်တို့ ကျောပေး ထားသည့်ဘက်သို့ ကြည့်လိုက်တော့ တောင်တန်းကြီးက ကျနော်တို့ ကျောဘက်မှာ၊ ဒါဆိုကျနော်တို့ ခရီးထွက်နေသည်မှာ အောက်ကွင်း(မဒညတ) နယ် မြေပဲဖြစ်ရမည်။
ခြောက်သွေ့ ၍သစ်ရွက်ခြောက်များအပေါ် ဖြတ်နင်းသွားသည့် စစ်ဖိနပ်ခြေရာအသံတွေက သစ်ရွက်ခြောက် တွေကြေမွသွားသည့်အသံနှင့် တပြေးညီစွာဆူညံရိုက်ပုတ်ရင်း သက်ငယ်တောကြီးထဲ့ စစ်ကြောင်းခေတ္တရပ် နားကြသည်။
မိုးကြိုးအလုပ်အဖွဲ့ ခေါင်းဆောင် ရဲဘော်အောင်ကျော်မှ ရဲဘော်အားလုံးစုစည်းစေပြီး ပြောင်သလင်းခါသည့် မြေညီပေါ်၌ဝိုင်းဖွဲ့ ထိုင်စေပြီး ယခုထွက်လာသည့်ခရီးစဉ်ရည်ရွယ်ချက်ကို ဆွေးနွေးတင်ပြသည်။
မနက်ဖြန်ဟာနိုဝင်ဘာလ(၁)ရက်နေ့ ဖြစ်တယ်၊ အဲဒီနေ့ ဟာ မကဒတမွေးဖွားသန့် စင်ခဲ့သည့် (၉)နှစ်မြောက် နေ့ ဖြစ်တယ်။ဒါ့ကြောင့် ဒီလိုအခါကြီး။ နေ့ ကြီးမယ် ကျနော်တို့ ရဲဘော်အားလုံး ဝါးရုံလှဲရွာကိုချီတက်ပြီး လူထုကို ချပြဆွေးနွေးရမယ်။လူထုကိုတော်လှန်ရေးထဲပါဝင်လာအောင် ဆွေးနွေးစည်းရုံးရမယ်။တော်လှန်ရေးရဲ့ အခက် အခဲတွေကို လူထုကိုချပြပြီး လူထုနဲ့ တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကို တောင်းခံသင့်သလောက်တောင်းခဲရလိမ့်မယ်။ ဒီတော့ -ဒီခရီးမှာ စစ်ရေးအရအထူးသတိဝီရိယရှိဖို့ ကျနော်ပြော ချင်တယ်။ကျနော်တို့ ယခုစည်းရုံးရေး ဆင်းမယ့်နေရာက ရန်သူ့ အုပ်ချုပ်ရေးနယ်မြေဖြစ်တယ်။သိပ်အန္တရယ်ကြီးပါတယ်။သို့ သော်စိုးရိမ်စရာမလိုပါဘူး။ကျနော်ဘက်မှာနယ်မြေခဲလူကြီးတွေ ပါတယ်။သူတို့ က ကျနော်တို့ နှင့်အတူ လှို့ ဝှက်စွာတိုက်ပွဲဝင်ဘို့ ကတိပြုထားပြီးကြပြီ။ဒါ့ကြောင့် ကျနော်တို့ မိုးကြိုးအလုပ်အဖွဲ့ ကို (၂)ဖွဲ့ ခွဲပြီး ချီတက်လှုပ်ရှားကြမယ်။ကျနော်နဲ့ အတူ ရဲဘော်ဂျာ။ ရဲဘော်ဆေး။ နောက်ထပ်ရဲဘော်(၄)ယောက် အတူထွက်မယ်။အုပ်စု(၂)က ရဲဘော်ဇော်လွင်နဲ့ အတူခရီးထွက်မယ်။ပထမခရီးထွက်မယ့်အဖွဲ့ က ကျနော်နဲ့ အ တူထွက်မယ်၊ ထူးခြားရင် အချက်ပြသင်္ကေတတွေသုံးပါ။စက်နံပါတ်ကတော့ ယခင်ပုံမှန် အတိုင်းရှိထားမယ်။လိုအပ်ရင်ညှိနှိုင်းတားတဲ့နံပါတ်တွေကိုအသုံးပြုမယ်။နာရီဝက်တစ်ကြိမ်စက်ဖွင့်ပါ။ရန်သူ့ သတင်းကတော့ ထူးခြားမှုမရှိသေးဘူး။ယခုထွက်မယ့်ခရီးက မြေညီလမ်းဖြစ်တယ်။ကွင်းပြင်တွေ၊တောစပ်တွေ၊ နှမ်းခင်းတွေ၊ပဲခင်းတွေ၊ရေချောင်းတွေဖြတ်ရမယ်၊ စစ်ကြောင်းထွက်ရင်ဆေးလိပ် မသောက်ပါနှင့် အားလုံးအဆင်သင့် ဖြစ်ရင် ခရီးစထွက်မယ်။
ညသည်မှောင်မိုက်လွန်းလှသည်။မည်သည့်နေရာမှမမြင်ရ။ သစ်ငုတ်တိုတွေတိုက်မိ၊ တောစီးစစ်ဖိနပ်မှာ ရေထဲ ဖြတ်ရ၍ရိဆွေးစပြုနေသည်မှာ တစ်ပတ်လောက်ရှိပြီ။စစ်ဖိနပ်ခြေဖျားအောက်ခြေနှင့် ပိတ်စမှာ ဟပြဲနေ၍ ခရီး ထွက်ရသည်မှာအဆင်မပြေလှ။နှမ်းခင်းထဲဖြတ်လျှောက်စဉ် သစ်ငုတ် တစ်ခု ကျနော့်ဝမ်းဗိုက်အထိရှိမည်။ထို သစ်ငုတ်တိုကိုမမြင်ပဲ ဗိုက်နှင့်သစ်ငုတ်ထိပြီး ရှေ့ သို့ ကျွမ်းပစ်သွားသည်။မတတ်နိုင်ပါ ချက်ချင်းပြန်ထပြီး ရှေသို့ မနည်းမှီအောင်လိုက်ရသည်။

အင်တိုင်းတောထဲသို့ ဖြတ်စဉ် ရွာလူကြီးမှ လမ်းဆုံ လမ်းခွရောက်တိုင်း မိတ်ဆက်ပေးသည်။လမ်းခွရောက်၍ ဘယ်ညာလမ်းနှစ်ခွပြသည့်နေရာ အရောက် -ဒီဘက်လမ်းက ဝါးရုံလှဲရွာကိုသွားတာ၊ ဒီညာဘက်လမ်းက ရဲကုန်း ရွာကိုသွားတာပါ။
ကျနော်တို့ နှစ်ဖွဲ့ စလုံး အင်တိုင်းတောစပ်လမ်းနှစ်ခွ့ ကင်းချ၍မြေပြင်အနေအထားကိုစောင့်နားထောင်ရင်း ခေတ္တအနားယူကြသည်။ရုတ်တရက်မိုးကတပြုံတမကြီးရွာချလိုက်ပါသည်။ကျနော်တို့ သည်အင်ဖက်များခူး၍ တစ်ကိုယ်စာလုံအောင်စောင်းရင်း မိုးတိတ်သည့်အထိစောင့်နေ၏။မိုးကလည်းနိုဝင်ဘာလမှရွာရတယ်လို့ စိတ်ထဲ တစ်မျိုးဖြစ်နေမိသည်။ရာသီဥတုဖောက်ပြန်လို့ ပဲဖြစ်မှာပါလို့ ဖြေသိမ့်ရင်း -ဟိုးဝေးဝေးက မှိတ်တုတ်မှိတ် တုတ် မီးရောင်များ၊ အသံချဲ့ စက်မှသီချင်းသံများကြားနေရ၏၊ ဆောင်းတွင်းမို့ မပြောတတ်အေးလိုက်သည်မှာလွန်ရော၊ သွေးပူနေတုန်းမို အေးလို့ အေးမှန်း မသိ။
ကျနော်တို့ ဝါးရုံလှဲရွာ၏အရှေ့ တည့်တည့်ကို စစ်ကြောင်းရောက်နေပြီ။ရေတာရှည်သကြားစက်ဥသြဆွဲသံကအနီးကလေးမှအော်နေသည့် အလားအောက်မေ့ရသည်။ ရန်ကုန်မန္တလေး အမြန်ရထားကြီး ဟိုးခပ်ဝေးဝေးမှ ခုတ်မောင်းပြေးဆွဲသံကြားနေရသည်။ဝါးရုံလှဲရွာမှာ တောင်နှင့်မြောက်ရှည် လျှားသည်၊ ထို့ ကြောင့်ရွာကို တောင်ဘက်ရွာ၊မြောက်ဘက်ရွာဟူ၍ခေါ်ကြသည်။ကျနော်တို့ အဖွဲ့ စဝင်သည့် ဘက်မှာ မြောက်ဘက်ရွာဖြစ်သည်။ရဲကုန်းရွာမှာ ဝါးရုံလှဲရွာ၏မြောက်ဘက်တွင်တည်ရှိသည်။တစ်နာရီလောက်အသာလေးသွားရသည်ဟု နယ်ခံလူကြီးမှပြောပြသည်။ရွာထဲသို့ ဝင်ဝင်ခြင်း ရွာလူကြီးမှ ရွာသူ ရွာသားတွေကိုခေါ်ယူစုဆောင်းစေပြီး ကျနော်တို့ နှင့်တွေ့ ဆုံမိတ်ဆက်ပေးနေသည်။ ရွာသူရွာသားများမှာ တောထဲမှသူပုန်တွေကို အသေအချာစူးစမ်းနေ၏၊ ရယ်မောစကားဖွဲ့ ကြ။ကျနော်တို့ မှတဖန်တော်လှန်ရေး အ ကြောင်းရှင်းပြကြသည်။တစ်ဦးနှင့်ရင်းနှီးစွာဖြင့်။ ရွာလူထုမှ ဆေးလိပ်၊ရေနွေး၊ မုန့် ပဲသားရည်စာများတည်ခင်း ကျွေးမွေးကြသည်။
ကိုလှမြင့်မရှိတော့ဘူး-ထွက်ပြေးသွားပြီး-

ဒီကောင်ရဲကုန်းရွာဘက်ကိုထွက်ပြေးသွားတာဖြစ်ရမယ်။

အဲဒီရွာမှာဟိုခွေးကောင်တွေရှိတယ်၊။
လှမြင့်သည် ဝါးရုံလှဲရွာတွင် ရန်သူ၏လက်ကိုင်ဒုတ်ဖြစ်သည်။ ရန်သူမှ ထိုသူကို ရွာသားတွေထံမှ ပေါ်တာကြေး ကောက်ခိုင်း၊ ကင်းကြေး၊ မီးကြေး၊ဘာကြေး၊ညာကြေးကောက်ခိုင်းသည်။ရန်သူနှင့်ပေါင်းပြီး ရွာသူရွာသားတွေ အပေါ်နှိပ်စက်မှုများပြုလုပ်ကြောင်း၊ ထို့ အပြင် တော်လှန်ရေးအဖွဲ့ အစည်းများ၏လှုပ်ရှားသွားလာမှုများကို ရန်သူ့ ထံသတင်းအမြဲပေးသည်ဟုလည်း ကြားဖူးသည်။ ယခုလိုတော်လှန်ရေးအဖွဲ့ အစည်းများ ရွာထဲရောက် လာတာသိ၍ သူ့ ကိုဖမ်းလိမ့်မည်အထင်နှင့် ရွာမှထွက်ပြေးသွားတာလည်း ဖြစ်လိမ့်မည်ဖြစ်ကြောင်း ရွာခံလူကြီး များပြောပြ၍သိရသည်။ထို့ ကြောင့် ကျနော့်တို့ အဖွဲ့ ယခုရောက်ရှိနေသည့် ရွာမှ အမြန်ဆုံးပြန်ထွက်နိုင်အောင် ကြိုးစားမှ ဖြစ်မည်ဟု ရဲဘော်ဇော်လွင်မှ အကြံပေးသည်။ကျနော်တို့ လည်းထိုရွာထဲတွင် (၃)နာရီခန့် မျှကြာ သွားသည်။အဖွဲ့ ခေါင်းဆောင်ရဲဘော်အောင်ကျော်မှရွာမိရွာဖများအားနှုတ်ဆက်ပြီး ရွာမှထွက်ခွာရန်မိမိတို့  အားတိုင်ပင်ထားသည်။ရန်သူသည်ကျနော်တို့ ၏ ဆုတ်လမ်းကိုမည်သည့်နည်းနှင့်မဆို စောင့်၍တိုက်ခိုက် နိုင်သည်။တိုက်ပွဲဖြစ်လိမ့်မည်ဟုစိတ်ထဲမှာတော့ တထင့်ထင့်။တိုက်ပွဲဖြစ်လျှင်ကျနော်တို့ တွင်ပါလာသည့် ရဲဘော်အချို့ မှာရဲဘော်သစ်သုံးလေးယောက်ပါသည်။ရဲဘော်သစ်များကိုစိတ်မချ၍ကျနော် ကိုယ်တိုင်ရဲဘော် ဇော်လွင်တို့ အဖွဲ့ နှင့် လိုက်ပါခွင်ပြုရန် ခွင့်တောင်းပြီး လိုက်ပါခဲ့သည်။ကျနော့်ထံမှ မီဇူဟို (ဆက်သွယ်ရေး စက်ကြီး) တစ်လုံးကို ရဲဘော်တစ်ဦးထံအပ်ပြီးပွိုင့်ထွက်သည်။

ကျနော်တို့ သည်တစ်ယောက်နှင့်တစ်ယောက်ငါးလံကွာမျှခွှာုလျှောက်ကြသည်။ဝါးရုံလှဲရွာမှစထွက်ထွက်ခြင်း ကွင်းပြောင်ကြီးတစ်ခုကိုဖြတ်ကျော်ရမည်။
နေဦးဟေ့- ရဲဘော်အောင်ကျော်တို့ အဖွဲ့ ကိုစောင့်ဦး၊ (ရဲဘော်ဇော်လွင်)
ဟေ့-မိုးစင်စင်လင်းတော့မယ်ကွ၊ငါတော့လူထုနှင့်တွေ့ ရလို့ ပျော်တယ်ကွာ(ရဲဘော်နွမ်ဂျာ)
အေကေမှ ဇင်ယော်ကြားလားဒါပဲ(ရဲဘော်ဇော်လွင်)
ကြားတယ်။ ကြားတယ် သုံးငါးရှိနေမယ် ရထားဖြစ်လား( ရဲဘော်အောင်ကျော်)
ကြားတယ် ကတုံးကြီးမှာဖြစ်နေတယ်။ အတိုလေးနဲ့ နှစ်သုံးလုပ်မယ်-သုံးငါးနဲ့ ဆက်ရှိမယ်၊

ရဲဘော်ဇော်လွင်စက်ပိတ်ပြီး သူကိုယ်တိုင်ရှေ့ မှပွိုင့်ထွကှ်ု ကျနော်က သူ့ နောက်မှ လိုက်ရသည်။ကွင်းပြင်ကိုငါးမိနစ်ခန့် ဖြတ်ရသည်။ကွင်းပြင်ထိတ်ရောက်သည့်နေရာတွင် နောက်ကအဖွဲ့ ကိုစောင့်မည်ဟု ရဲဘော်ဇော်လွင်မှပြောသည်။နေရာအကွက်အကွင်းမကောင်း၍အတွင်ဘက်မှာနားမည်ဟုထပ်ပြော၍ရှေ့  အတွင်းဘက်ကို တိုးလိုက်ကြသည်။
တကယ်လို့ တိုက်ပွဲဖြစ်ရင် အရင်ဆုံးမှောက်ချလိုက်၊ ဒါမှရန်သူပစ်ထုတ်လိုက်တဲ့ကျည်ဆံဟာ ကိုယ်ရဲ့ ချက် ကောင်းကိုမထိနိုင်မှာကွ။(ရဲဘော် ဇော်လွင်)။
လှည်းလမ်းကြောင်းအတိုင်းချီတက်လာစဉ်၊ တိတ်စိတ်မှုတစ်ခုကိုဖြိုခွင်းလိုက်သည်ကတော့-မိုးကြိုးပစ်သလို ဒိုင်း-ဒိုင်း-ဒိုင်း-ဒိုင်း-ဝုန်း-ဂျိမ်း-။
အလိုသေနတ်သံပါလား။ ရဲဘော်ဇော်လွင်သေနတ်ပေါက်တာလား၊ --ဟာမဟုတ်ဘူး--ရန်သူပစ်တာ--၊ ရန်သူမှကျနော်တို့ ကို နှစ်ဦးစလုံးကိုလက်နက် ကြီး၊လက်နက်ငယ်များဖြင့်တရစပ်ပစ်ခတ်နေတော့သည်။ဂငယ်ပုံစံဝိုင်းထား၍မည်သို့ မျှလှုပ်၍မရပါ။အင်တိုင်းတောလှည်းလမ်းကြောင်းကို ခွပြီး ဝိုင်းထားတော့မှ သေဖို့  ပဲရှိတော့မည်။သေနတ်တကမ်းပဲရှိတော့သည်၊

----အရှင်ဖမ်း--အရှင်ဖမ်း---အရှင်ဖမ်း--မလွှတ်စေနဲ့ --

ရဲဘော်ဇော်လွင်မှာ မီးခိုးမှိုင်းလုံးကြီးတွေထဲ ပျောက်လိုက်ပေါ်လိုက်နဲ့ ။

အလို--ကျနော့်ခေါင်းထဲ--ပူကနဲဖြစ်သွားသည်။-သွေးတွေဖြာကျ---အရည်တွေစေးကပ်ကပ်--ရန်သူ့ လက်တွင်းထဲ--သေပွဲဝင်ဖို့ --အချိန်ရောက်ပါရော့လား--ကျနော့်စိတ်တွေလေးနေ.၊ ကျောပြင်-အောင့်သက်သက်--အသက်ရှုဖို့ အခက်တွေ့ နေ၏၊

ကျနော်သေနတ်သံမှာလည်းရန်သူ့ ထံကို ပြန်လည်ပစ်နေပုံက --ဘာတွေဖြစ်ကုန်ပြီလဲ--စိတ်တို့ ငြိမ်သက်စပြုပြီ၊ တစ်ဘက်ရန်သူက တိုက်ပွဲ ဖြစ်သံတွေအပေါ်--လွှမ်းမိုးမင်းမူးနေ၏၊ --မကြာခင်သေရတော့မည်။အမေ့ဘုရားပန်းအိုး--ကျကွဲလောက်ရောပေါ့---နိမိတ်စိမ်းတွေမြင်လိုက်ပုံက။
--ကျား--နောက်ဆုံးပွဲသိမ်းလိုက်ပုံက၊ လှံစွပ်တွေ--ကျနော့်အနားကပ်လာပြီ--ရန်သူတစ်ယောက်--ကျနော့်ကို လှံစွပ်နဲ့ ထိုးဘို့ --လက်ကို အသာအယာ မလိုက်--ထို့ နောက်--ငါတို့ ရွာထဲကို ဆက်ကြည့်မယ်ဟေ့--လာကြ--လာကြ၊
နဖူးပြင်မှသွေးတို့ က --ရဲကနဲ--ရဲကနဲ--ကျလာလိုက်ပုံများ--အိမ်မက်တွေလား--တကယ်ဖြစ်တာလား--ဝေခွဲမတတ်---ဝေခွဲမတတ်။
ရဲဘော်ဇော်လွင် --သွေးတွေ--သွေးတွေ---သွေးတွေ၊ နွမ်းယဲ့ယဲ့။ ခန္ခာကိုယ်ကြီး--ကျနော်ပြေးပွေ့ မိ--သူစကားပြန်မပြောနိုင်တော့ဘူး။--ကျနော်မယုံဘူး--အာငွေ့ ထည့်လေမှုတ်ထုတ်--ဒါပေမယ့်--သူတော်လှန်ရေးအတွက် --လူထုအတွက်--အသက်ပေးဆပ်သွားခဲ့---။

ကြာကြာနေ၍မဖြစ်။အနောက်အဖွဲ့ အဆက်ပြတ်ပြီး အခြားလမ်းကြောင်းက ဆုတ်ခွာသွားလိမ့်မည်။အချိန်ကိုကြည့်လိုက်တော့ နိုဝင်ဘာလ တစ်ရက်။ နံနက်(၃)နာရီ၊ ရဲဘော်ဇော်လွင်--ကျုပ်ခင်ဗျားကိုအလေးနီပြုလိုက်ပါတယ်။
---မပြီးဆုံးသေးတဲ့ --စစ်အာဏာရှင် ပျက်သုန်းရေး တိုက်ပွဲကို --ဆက်လက်သယ်ဆောင်တိုက်ပွဲဝင်သွားဘို့ --ကျုပ်အလေးအနက်ဂတိပြုလိုက်ပါတယ်။
သူ့ ကိုနောက်ဆုံးအလေးပြုလိုက်တော့ --အံကြိတ်ထားရင်း---ကျလာသည့်မျက်ရည်ပူတို့ ကိုသုတ်--အလောင်းကိုစွန့် ခွာခဲ့ ရသည်။


သြော်--ဒီနှစ်ဆို ၂ဝဝ၃ခုနှစ်။ နိုဝင်ဘာလ(၁)ရက်ပါလား။မကဒတ(၁၅)နှစ်မြောက်။နှစ်ပတ်လည်နေ့  တောင်ရောက်ပြီ။ရဲဘော်နှင့်အတူ တော်လှန်ရေးမှာကျဆုံးခဲ့ရတဲ့ အညတရတော်လှန်ရေး ရဲဘော်တွေရဲ့  ဈာပနကိုဒီနေ့ အချိန်အထိကောင်းကောင်းမွန်မွန်ဆွမ်းသွပ်အမျှပေးဝေနိုင်မှုလုပ်မပေးနိုင်သေးပါလား။

ရဲဘော်ဇော်လွင်ရေ---သတိတွေအကြိမ်ကြိမ်ရနေတယ်ဗျာ။ဒီလိုနေ့ ကိုရောက်တိုင်း --ခင်ဗျားကိုတော်လှန်ရေး သစ္စာတွေ --အထပ်ထပ်ပြုရင်း--သူရဲကောင်းတို့ ဥဒါန်း--မကျဆုံးရစတမ်း--ကျုပ်ရွတ်ဆို ဦးညွှတ်နေတယ်ဗျာ။
ကျည်ဝေဖြိုး။

ဆက်လက်ဖော်ပြသွားပါမည်။

Thursday, April 29, 2010


They knew the truth.
They even gave their life for it.
There fore ,They were martyrs to our cause.
Unknow.
အာဇာနည်
အကြင်သူသည် အမှန်တရားကို သိ၏။
ထို့  အတွက်ကြောင့်ပင် အသက်ကိုပင် စွန့် ဝံ့၏။
ထို့  ကြောင့် အာဇာနည်မည်၏။
(အမည်မသိ။)

သူရဲကောင်း
သူရဲဘာသာ အသက်ကို စွန့်  မြဲ ။
သူရဲဟူလျှက် အသက်ကို ချစ်ဖွယ်မရှိ ။
အသက်ကို ချစ်သောသူလည်း သူရဲမူဖွယ်မရှိ ။ ၊
(ရှင်မဟာသီလဝံသ ။)
စစ်နိုင်ရမည် သုံးကျိပ်တဲ့နော်
ရွှေထား(ဓါး)ကို ဆင်
စစ်မြေပြင်ကို ဆင်းတဲ့ ။
နေမင်းရင်သွေး ၊ ၊
သုံးကျိပ်တဲ့နော်
လွတ်ရိပ်ကို သူမျှော်လို့ 
မသူတော်ကို ဆော်ကာမောင်းတယ်။
(ကွယ်) ဟောင်း ခေတ်ပြင်ရေး ။
မြဒေါင်းညို
(ရဲဘော်သုံးကျိပ်စာအုပ် ကြော်ငြာမှ)

ဒေါင်းသံ
လွတ်ပြီတဲ့ ကျွတ်ပြီ
ကျွတ်ပြီတဲ့ လွတ်ပြီ
နေမင်းမောင် လင်းရောင်လွှတ်
ဒေါင်းလွတ်ခဲ့ပြီ။
တဖက်ကြွ ကခြေချီ
လည်တိုင်ငဲ့ တွန်ကြွေး၊
လက်ရုံးရည် ရာအထောင်နှင့်
နှလုံးရည် ရာအထောင်နှင့်
တို့ ခေါင်းဆောင်ညွှန်တဲ့ လမ်းက
လှမ်းကြမယ် အဆွေကောင်းရယ်
ဒေါင်းသံနှင့်လေး ။

ဇော်ဂျီ
(စစ်တွင်းကာလ လွတ်လပ်ရေးအထူးထုတ်
ဗမာသစ်စာစောင်မှာ ဦးဘကြည် ပန်းချီဖြင့် အလေးပေးဖော်ပြသည်။)

နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာအပိုင်း(၈)

ရန်သူ့ လှုပ်ရှားမှုအခြေအနေ။
အထူးဒေသတွင်း(၉ဝ)ဒီဂရီမျဉ်းတည့်တည့်၌ရှမ်းလယ်ပြင်ရွာကြီးတည်ရှိသည်။ထိုရွာ၏စိုးမိုးတောင်ကုန်းတွင် ရန်သူ့ဗျူဟာရုံးတည်ရှိသည်။ထိုဗျူဟာရုံးမှတဆင့်စစ်ကြောင်းများကိုဖြန့် ခွဲပြီးလှုပ်ရှားကြသည်။အထူးဒေသ၏အ နောက်ဘက်စစ်တောင်းမြစ်၏အရှေ့ဘက်ပိတောက်ကုန်းရွာတွင်ထောက်ပို့စစ်ကြောင်းမှတာဝန်ယူသည်။ရန်သူသည်(၄)လပတ်စစ်ဆင်ရေးပုံမှန်လှုပ်ရှားလျှက်ရှိသည်။အထူးသဖြင့်လွတ်လပ်ရေးလိုနေ့မျိုး၊ပြည်ထောင်စုလိုနေ့မျိုး များတွင်နယ်မြေလုံခြုံရေးအတွက်ဆိုပြီးတပ်အင်အားထူထပ်စွာချတတ်သည်။တောင်ငူတွင်ထောက်လှမ်းရေး(၃)မှသက်ဆိုင်ရာကျေးရွာများတွင်ရွာသူ၊ရွာသားအချို့ကိုငွေကြေးအရင်းအနှီးမတည်ပေးပြီးတော်လှန် ရေးအဖွဲ့ အစည်းတွေ၏လှုပ်ရှားမှုများကိုစုံစမ်းထောက်လှမ်းစေသည်။သတင်းပေး၊သတင်းယူများလည်းမွေး သည်။ရန်သူ့အချို့တပ်များမှာရခိုင်ဘက်မှတပ်များဖြစ်ကြသည်။စစ်ကြောင်းမှုးများမှာရွာသူရွာသားများကို အခွန်များကောက်ခံကြပြီး၎င်းတို့ပုဂ္ဂိုလ်ရေးအတွက်လဒ်စားကြသည်။ ရန်သူ့တပ်မှုးများမှာတော်လှန်ရေးအဖွဲ့ အစည်းများနှင့်ရင်ဆိုင်တိုက်ပွဲဖြစ်ဖန်များ၍၄င်းတို့ခံရသည့်အကြိမ်ပေါင်းများလာသည့်အခါစစ်ရေးလှုပ်ရှား မှုကိုမပြုလုပ်လိုကြ၊ ထိုကြောင့်ရွာထဲသို့ ဝင်လျင် ရွာသားများကိုမိမိတို့မှာအထက်အမိန့်ကြောင့်လာခဲ့ရသည် ကိုတော်လှန်ရေးတိုက်ခိုက်ရေး ပြောက်ကျားများအနေဖြင့်သဘောပေါက်စေချင်ကြောင်း၊မိမိတို့အားစစ်ရေး လှုပ်ရှားများမပြုရန်တောင်းပန်စာများကိုဆတ်သားများဖြင့်ပို့စေသည်။ရန်သူ့တပ်များသည်တော်လှန်ရေး ပြောက်ကျားတပ်များ၏မကြာခဏပြောက်ကျားစစ်ဆင်မှုများပြုလုပ်တာခံရ၍ရွာလူထုကိုမာန်မဲမှုများပြုလုပ်ကြ သည်။ရွာများကိုမီးရှို့ကြသည်။ရွာသားများကိုတောထဲတောင်ထဲလူမမြင်သည့်နေရာများတွင်ရက်ရက် စက်စက်သတ်ပစ်လိုက်ကြသည်။ ထိုအခါရွာလူထုမှာရန်သူ့တပ်အားမုန်းတီးစက်ဆုတ်လာကြသည်၊ထိုကဲ့သို့လူ့ အခွင့်အရေးချိုးဖောက်မှုများကိုအချိန်မဆိုင်းပဲသတင်းဌာနများသို့ပို့ပေး၍ရေဒီယိုမှတဆင့်ပြန်ကြားရသည့် အပေါ်ရန်သူ့တပ်အကြီးအကဲများမှလူ့အခွင့်အရေးချိုးဖောက်သည့်တပ်မှုး၊ရဲဘော်များကိုအပြစ်ပေးခြင်း၊ရာထူး မှထုတ်ပယ်ခြင်းများပြုလုပ်ကြသည်။ထို့ကြောင့်နောင်ဆိုလျင်ရန်သူ့တပ်များသည်ရွာလူထုကိုမစော်ကားရဲ တော့ပဲတာဝန်ကြေရုံထမ်းဆောင်ကြသည်။ထိုအချိန်ကာလများတွင် မိုင်းတိုက်ပွဲ၏ထိရောက်မှုများကိုမည်သို့ မျှ မတုံ့ပြန်နိုင်ပဲရန်သူ့တပ်မှာအခက်အခဲကြုံတွေ့ရပါသည်။ရံဖန်ရံခါသတင်းအရအတိအကျသိရှိထားသည်ဆို လျှင်ပိတောက်ကုန်းမှရှမ်းလယ်ပြင်သို့ရိက္ခာပို့သည့်စစ်ကြောင်းများကိုကြားဖြတ်တိုက်၍ဆက်သွယ်ရေး လမ်းကြောင်းများကိုအခက်အခဲဖြစ်စေအောင်ကျနော်တို့တိုက်ခိုက်ရေးပြောက်ကျားများမှတိုက်ပွဲဖော်ဆောင် ကြသည်။

အခြေခံဒေသတည်ဆောက်ရေးအလုပ်အဖွဲ့ ။
ကျနော်တို့ အဖွဲ့ သည်သစ်ခေါင်းရွာသို့ ရောက်သည်နှင့် သတင်းတစ်ခုကြားရသည်။ရဲဘော်အာလူး မိမိမိုင်းကို ထောင်ရင်းကက်(ပ)်ထိ၍ပေါင့် ဒါဏ်ရာရကြောင်း သိရသည်။ကျနော်တို့ အလုပ်အဖွဲ့ ခေါင်းဆောင်မှာထိုအချိန် ကရဲဘော်လူဇော်ဖြစ်ပါသည်။အလုပ်အဖွဲ့ ကိုနှစ်ဖွဲ့ ခွှဲုလှုပ်ရှားကြ သည်။တစ်ဖွဲ့ ကအခြေခံဒေသထိုးဖောက်ရေး အတွက် အလုပ်အဖွဲ့ ဖြစ်ပြီး ကျန်တစ်ဖွဲ့ မှာလက်ရှိဒေသ၏စစ်ရေးလှုပ်ရှားမှုအဖွဲ့ ဖြစ်ပါသည်။မဟာမိတ်ကေ အန်ယူစစ်ရေးခေါင်းဆောင်များနှင့်အတူလူထုအုပ်ချုပ်ရေးလုပ်ငန်းစဉ်များချမှတ်ပြီး ပူးတွဲစစ်ရေးကော်မီတီအဖွဲ့ ဖွဲ့ ၍တာဝန်ကိုယ်စီယူကြရသည်။ရန်သူ့ သတင်း၊နယ်မြေသတင်း၊နိုင်ငံရေးအခြေအနေ၊တော်လှန်ရေး၏ ဦးတည်ချက်စသည်များကိုလက်ရှိဒေသလူထုမှနားလည်သဘောပေါက်စေရန်လူထုများနှင့်အတူဆွေးနွေး ပွဲများပြုလုပ်ကြ၍လူထုမှာကျနော်တို့ ၏မူဝါဒ သဘောတရားများကိုနားလည်လာကြသည့်အပေါ်ကိုယ်ရော စိတ် ပါပူးပေါင်းပါဝင်လာကြတာကိုတွေ့ မြင်ရ၍အထူးဝမ်းမြောက်မိပါသည်။ကျနော်တို့ အလုပ်အဖွဲ့ တာဝန်ယူသည့် ဒေသနှင့်ဗဟိုဌာနချုပ်မှာဆက်သွယ်ရေးလမ်းကြောင်းအရအတော်အလှမ်းဝေးပါသည်၊တခါတရံဗဟိုမှထောက် ပို့ အားနည်းမှုများရှိပါသည်။ထိုအခါကျနော်တို့ မှာကိုယ့်ဒူးကိုယ်ချွန်ကိုယ့်အားကိုယ်ကိုးရေးမူကို လက်ကိုင်ထား ပြီး ဆက်လက်ရပ်တည်နိုင်ရေးအတွက်ကြိုးစားကြရသည်။မဒညတ(မြန်မာပြည်ဒီမိုကရက်တစ်ညီညွတ်ရေ တပ်ဦး)နယ်မြေများသို့ ကွင်းဆင်း၍စီးပွားရေးသမားများ(ဥပမာ-သစ်၊အင်း၊ဆန်စက်)စသည့်လုပ်ငန်းရှင်များ ထံတွင်တော်လှန်ရေးအတွက်ရံပုံငွေကောက်ခံကြရသည်။ရံပုံငွေကောက်ခံရခြင်း၏ရည်ရွယ်ချက်များကိုအသေး စိတ်ချပြဆွေးနွေး၍စီးပွားရေးသမားများမှလှိုက်လှိုက်လှဲလှဲထည့်ဝင်လှူဒါန်းကြသည်။ထိုအချိန်ကလူထုမှာ တော်လှန်ရေးအဖွဲ့ အစည်းများရှိနေ၍အစစအရာရာလာရောက်တိုင်ပင်ညှိနှိုင်းကြသည်။
ကျည်ဝေဖြိုး
ဆက်လက်ရေးသားပါဦးမည်။
နှင်ဆီရောင်တော်လှန်ရေး ရုပ်ပုံလွှာအပိုင်း(၇)
တောသီးခို(နတ်တောင်)
တောသီးခို(နတ်တောင်)တောင်ကြောပေါ်မှဖြတ်ရမည်၊နတ်တောင်မှာတပ်မဟာ(၂)နယ်မြေတစ်ဝိုက်တွင်အ မြင်ဆုံးတောင်ကြီးဖြစ်သည်။ ဗမာပြည်မှအင်္ဂလိပ်တပ်တွေဆုတ်ပြေးတုန်းကနတ်တောင်ကြောပေါ်တွင်စခန်းချ သွားဖူးသည်ဟုအဖူးပြောပြထားသည်။နတ်တောင်မှာကေအန်ယူနယ်မြေနှင့်ကရိန်နီနယ်မြေတို့ ၏နယ်စပ် တောင်ကြောဖြစ်သည်။နတ်တောင်ကြောအပေါ်မှ အရှေ့ ဘက်သို့ လှမ်းကြည့်လိုက်လျှင်မော်ချီးမြို့ကိုခေတ္တ မျှမြင်ရသည်။နတ်တောင်ကြောမှာအလျားအရရှည်လျှားသကဲ့သို့ အနံအရကျဉ်းသောတောင်ကြောဖြစ်သည်။ ဆီးနှင်းများဖုံးလွမ်းနေ၍တစ်နေရာနှင့်တစ် နေရာသဲကွဲစွာမမြင်ရ။ ထိုတောင်ကြောပေါ်တွင်ဆေးဘက်ဝင်ပန်း ခါးပင်များအလေ့ကျပေါက်နေတာတွေ့ ရ၍ကျနော်တို့ နှုတ်၍ကျောပိုးအိပ်ထဲကိုစီထည်လာကြသည်။ယခင်တုန်း ကအင်္ဂလိပ်တွေစခန်းချသွားသည့်နေရာတွင်ကော်ပန်းဝါကြီးတွေတမျှဖူးပွင့်နေသောပန်းပွင့်များအကြား တွင်စစ်ကားဘော်ဒီ အဟောင်းများ။ ကတုတ်ကျင်းကြီးများ။ ဆင်ထောင်ဖမ်းသည့် မြေကျင်းနက်ကြီးများ။တွေ့ ရ သည်၊ ကျနော်တို့ အဖွဲ့ မှာတောင်ထိပ်သို့ မရောက်နိုင်သေး။တောင်ကြောကြီးမှာနှင်းမြူပင်လယ်ကြီးအကြား တွင်ရှိ၍တခါတခါ တစ်ယောက်နှင့်တစ်ယောက်အကွာတောင်မမြင်ရ။ အတော်အေးစိမ့်၍နေသည်။ရေခိုးရေငွေ့ များမှာ ပြောင်းပြန်ကျနေသည့်အလားရှိုမြောင်တွေထဲတွင်၊နယ်မြေခံလမ်းပြမှာဒီခရီးနှင့်အတော်ရင်းနှီးပုံရ သည်။ကျနော်တို့ ထမင်းချက်ဘို့ အချိန်ရောက်တော့ညခုနှစ်နာရီထိုးချေပြီ။ ရေလည်းရှိလိမ့်မည်ဟုမထင်။လမ်း ပြမှာကျနော်တို့ နှင့်မလှမ်းမကမ်းသို့ သွားပြီးတောင်ကမ်းပါးယံသို့ ဆင်းသွားပြီးမကြာမီထိုသူမှလက်ရပ် ခေါ်၍သူ့ လက်ဖြင့်ယက်ထားသည့်မြေကျင်းထဲမှရေတွေထွက်နေသည်ကိုကြည့်ပြီးထိုသူကို ကျေးဇူးတင်၍မဆုံးအောင် ဖြစ်မိသည်၊ မိမိ၏ပထဝီကို မိမိပိုင်သည်ဆိုသည်မှာ ထိုအချက်တွေပဲဖြစ်သည်။ ကျနော်တို့ အဖွဲ့ ထမင်းတည်ပြီး ပါလာသည့်ရိကျှာခြောက်များဖြင့် ညစာထမင်းကိုအားပါးတရစားပြီး နတ်တောင်ကြီး၏ တိတ်ဆိတ်မှု။ နှင်းခိုးမှုန် တွေကိုစစ်မိုးကာဖြင့်ခုခံရင်းသုံးယောက်သားတစ်ယောက်ကိုတစ်ယောက်ကျောခြင်းကပ်ရင်းရေဒီယိုနား ထောင်ကြရင်းအိပ်ပျော်သွားကြသည်။ နံနက်မိုးသောက်တော့ပစ္စည်းတွေသိမ်းတော့ ရေဒီယိုပျောက်နေသည်။ အကျီကျီနှင့် အော်သံကြား၍လိုက်ရှာကြည့်ရာ ရေဒီယိုမှာ မြေပျော့ထဲတွင်ညကဖိနပ်ဖြင့်မမြင်မစမ်းနင်းမိ၍နစ် ဝင်နေသည်။

အခြေခံဒေသထိုးဖောက်ရေး
စစ်အာဏာရှင်စနစ်ကို တော်လှန်ပြီး လူထုအုပ်ချုပ်ရေးစနစ်ဖြင့် ပြောင်းလဲဘို့ ဆိုသည်မှာကျနော်တို့ နိုင်ငံအ တွင်းနိုင်ငံရေးလွတ်လပ်ခွင့်ရှိမှ ဖြစ်မည်။ လက်ရှိကြုံတွေ့ နေရသည့်အခြေအနေများတွင်တိုင်ပြည်အာဏာ အလုံးစုံကိုစစ်အုပ်စုမှအကြွင်းမဲ့ ချုပ်ကိုင်လွှမ်းမိုးထားသည့်အပေါ်ကျနော်တို့ ၏နိုင်ငံရေးလွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့် ပြန့် မလှုပ်ရှားနိုင်ပါ။ထိုအချက်တွေကကျနော်တို့ ကိုတော်လှန်ရေးလက်တွေ့ ဘဝထဲသို့ တွန်း ပို့ ပေးနေသည်။ ထို့ ကြောင့်ကျနော်တို့သည်စစ်အုပ်စုကိုလက်နက်ကိုင်တိုက်မှဒီမိုကရေစီနိုင်ငံတစ်ခုကိုတည် ထောင်နိုင်မှာဖြစ်သည်။ လက်နက် ကိုင်တော်လှန်ရေးနယ်မြေများ၏တော်လှန်ရေးအင်အားစုများနှင့်စုပေါင်းပြီး နိုင်ငံရေးဆိုင်ရာလုပ်ငန်းများကိုချမှတ်ခဲ့ကြသည်။တော်လှန်ရေးအခြေခံဒေသတစ်ခုတည်ဆောက်နိုင်ဘို့ အ တွက်စစ်ရေးမဟာမိတ်အဖွဲ့ အစည်းတွေနှင့် ညှိနှိုင်းဆွေးနွေးမှုပြုကြရသည်။တဘက်မှလည်းရဲဘော်တွေ အားလုံးအတွေးအခေါ်အရတည်ဆောက်ရေး။သဘောတရားအရတည်ဆောက်ရေး။ အမိန့် နာခံမှုအရတည် ဆောက်ရေးဆိုပြီးတပ်တည်ဆေညက်ရေးကိုပြုကြရ သည်။ထိုသို့ အသားကျထားပြီးသားရဲဘော်တွေကိုစီစစ် ရွေးချယ်ပြီး ယခုလိုအခြေခံဒေသထိုးဖောက်ရေးခရီးစဉ်ကိုမကဒတခေါင်းဆောင်များမှဦးဆောင်ပြီးစတင် ထိုးဖောက်ဘို့ ဖြစ်လာခဲ့သည်။
ယခု ကျနော်တို့ အဖွဲ့ အခြေခံဒေသထိုးဖောက်ရေး ရောက်ရှိခဲ့ကြပြီ။ အစဦ့း ဒီဒေသကိုရောက်ရောက်ခြင်း ဒီဒေသ၏လူထုအခြေအနေ။ အခြေခံဒေသ၏ပထဝီအနေအထား။ ရန်သူ့ တပ်လှုပ်ရှားမှု စသည်တို့ ကိုလေ့လာ ရသည်။ကျနော်တို့ ထိုးဖောက်သည့်အခြေခံဒေသမှာမြန်မာနိုင်ငံမြေပုံတွင်ထောက်ကြည့်လိုက်လျှင်အချက် အခြာဒေသကြီးတစ်ခုဖြစ်တည်နေတာကိုတွေ့ ရမည်၊ ၁၉၆၂ခုနှစ် ဗိုလ်နေဝင်းစစ်အုပ်စုတိုင်းပြည်ကိုမတရား သိမ်းပိုက်၍မကြာခင် လက်နက်ကိုင်ပုန်ကန်မှုများဖြစ်ပေါ်လာသည်။ထိုလက်နက်ကိုင်ပုန်ကန်မှုကြီးအရှိန်အ ဟုန်ကြီးချိန် ပြည်တွင်းစစ်ဖြစ်နေချိန်အတွင်းဗမာပြည်ကွန်မြူနစ်ပါတီရဲဘော်များထိုဒေသအတွင်းစစ်ရေးအရ၊ စည်းရုံးရေးအရ အခိုင်အမာတည်ဆောက်ခဲ့ကြသည့်အခြေခံဒေသကြီးဖြစ်သည်။ထိုဒေသအတွင်း ရှိလူထုမှာ တော်လှန်ရေးအဖွဲ့ အစည်းများနှင့် အသားကျထားပြီးသားဖြစ်၍ကျနော်တို့ မှတဖန်ပြန်လည်ထိုးဖောက်သည့် အချိန်တွင်လည်းလူထုမှတက်ကြွစွာပူးပေါင်းဆောင်ရွက်ကြဘို့  အဆင်သင့်ဖြစ်နေတာတွေ့ ရခြင်းအားဖြင့် ကျနော့မှာအံ့သြလေးစား၍မဆုံးဖြစ်နေမိသည်။
ထိုဒေသရှိလူထုမှာအများအားဖြင့် ကရင်တိုင်းရင်းသားအများစုနေထိုင်ကြသည်။ ကရင်းလူမျိုးများစွာရှိသည့် အနက်ထိုဒေသအတွင်းနေထိုင် ကြသည့်ကရင်လူမျိုးအများစုမှာဂေခို၊ ဂေဘား၊သာမိတိုက်လူမျိုးများဖြစ်ကြ သည်၊ ပထဝီအနေအထားအရ လက်ရှိဒေသ၏အရှေ့ နှင့်အနောက်မှာ အလျားအရရှည်လျှား၍ တစ်ရက်ခရီး ခန့် ရှိမည်။အရှေ့ ဘက်တောင်ကြောအဆုံးတွင်တောင်ငူလွိုင်ကော် ခြောက်ပေကားလမ်းတစ်ခု တည်ရှိသည်။ ကားလမ်း၏အရှေ့ ဘက်ကို ကြားဒေသဟုခေါ်တွင်ပြီး ကျနော်တို့ ယခုရောက်ရှိသည့်ဒေသကို အခြေခံဒေသ တည်ဆောက်ရေး. အထူးဒေသဟုခေါ်သည်။
အထူးဒေသတွင်ရွာပေါင်း (၁ဝဝ)ကျော်ရှိသည်။ဘာသာစကားပြောကြရာတွင်တစ်ရွာနှင့်တစ်ရွာစကားပြောဆို မှုမတူအနည်းငယ်ကွဲပြားကြ သည်။အထူးဒေသတောင်တန်း၏အနောက်မြောက်ဘက်တွင်ရန်ကုန်မန္တလေး လမ်းမကြီးကိုလှမ်းမြင်တွေ့ နေရသည်။မကြာခင်ကမှရန်သူနှင့်အပစ်ရပ်ထားသည့်ကယန်းပြည်သစ်ပါတီအုပ် ချုပ်ရေးနယ်မြေနှင့်ကေအန်ယူအုပ်ချုပ်ရေးနယ်မြေနယ်နိမိတ်နှစ်ခုကို နန်းချိုချောင်းနှင့် ခွဲခြားသတ်မှတ်ထား သည်။အနောက်တောင်ခြေတည့်တည့် စစ်တောင်းမြစ်ကြီးကို လှမ်းမြင်တွေ့ ရသည်။ စစ်တောင်းမြစ်အရှေ့ ဘက် ကမ်းပေါ်ရှိဧရိယာကို မဒညတ( မြန်မာပြည်ဒီမိုကရက်စီညီညွှတ်ရေးတပ်ဦး)နယ်မြေဟုသတ်မှတ်ထားကြ သည်။အထူးဒေသအတွင်း(၄၅)ဒီဂရီမျဉ်း အရှေ့ ဘက်တွင် ဂေဘားလူမျိုး အများစုနေထိုင်ကြပြီး အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းဖြင့် (၄၅)ဒီဂရီမျဉ်း.မြောက်ဘက်တွင်တောင်ငူလယ်သမားမိသားစုအများအပြားနေထိုင်ကြ သည်။တောင်ယာခုတ်ခြင်း။ လယ်ကျင်းများတွင်စပါးစိုက်ပျိုးခြင်းများဖြင့်အသက်မွေးဝမ်းကြောင်းပြုကြသည်။မြို့ ပြနှင့်လမ်းပန်းဆက်သွယ်ရေးအတော်ခက်ခဲ၏။ အထူးဒေသအနောက်ဘက်တောင်ခြေအစပ်တွင်ပျဉ်းမနား ဘက်မှဖြစ်ဟန်တူသောကရင်တိုင်းရင်းသားအများစု နေထိုင်ကြသည်။ ၄င်းတို့ ကိုသာမိတိုက်လူမျိုးဟုခေါ်သည် ။အားလုံးလိုလိုမှာ ဗုဒ္ဒဘာသာဝင်များဖြစ်ကြပြီးနှမ်းခင်းများ၊ လယ်ကွက်၊ ဥယျာဉ်ခြံမြေ၊မြေပဲခင်းများစိုက်ပျိုးကြ ပြီးအသက်မွေးဝမ်းကြောင်းပြုကြသည်။ အောက်ကွင်းမှ ဗမာများမှ ဈေးကုန်များ၊ အထမ်း၊ အရွက်များဖြင့် တောင်ပေါ်သို့ ကွမ်း၊ကွမ်းသီးများဖြင့်လဲလှယ်၍အသက်မွေးဝမ်းကြောင်းပြုကြသည်။အထူးဒေသအတွင်းကိုး ကွယ်သည့်ဘာသာများမှာ-ခရစ်ယာန်။ အင်္ဂလီဂန်။ ဗြဟ္မစို။ အာစီ။ ဗုဒ္ဒဘာသာစသည်တို့ ဖြစ်ကြသည်။
အထက်မှာဖော်ပြခဲ့သလို၎င်းဒေသ့ရွာပေါင်း(၁၅ဝ)ခန့် ရှိကြသည့်အနက်ထိုရွာများကိုအုပ်စုလိုက်ခွဲခြားသတ် မှတ်ထားကြသည်။ ရှမ်းလယ် ပြင်အုပ်စု၊ ချဉ်ပတောင်အုပ်စု၊သာမိတိုက်အုပ်စု၊ထမုံအုပ်စုစသည်များဖြင့်ခွဲခြား သတ်မှတ်ထားကြသည်။


ကျည်ဝေဖြိုး


ဆက်လက်ဖော်ပြပါမည်။

နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာအပိုင်း(၆)

ကျနော်တို့ အဖွဲ့ ယွန်ဆလင်းချောင်းကပ်းစပ်သို့  မွန်းတက်လောက်မှရောက်သည်၊ယွန်းဆလင်းချောင်းဘေးတွင်ကရင်ရွာများတည် ရှိသည်၊ ချောင်ဘေးတစ်လျှောက်တွင် စိမ်းမြသည့်လယ်ကွင်းတွေထဲမှ ပျိုးပင်များမှာကတ္တီဘာအစိမ်းရောင်ထနေသည်။လယ်ကွင်း တွေကြားထဲတွင် ဝါးတဲငယ်လေးတွေ အတော်လှမ်းလှမ်းမှတွေ့ ရသည်။ မျက်စေ့တဆုံး အုန်းပင်စိမ်းများအစုလိုက်။ဝါးရုံပင်ကြီးများ အစုလိုက်နှင့် ရွာတစ်ရွာကိုလှမ်းတွေ့ရသည်၊ချောင်းဘေးလမ်းကြောင်းအတိုင်းလျှောက်ပြီးတစ်နေရာအရောက်တွင်ယွန်းစလင်း ချောင်းကို ဖြတ်ကျော်ရန် ဝါးတံတားတစ်ခု။ ညနေ(၅)နာရီ လောက်မှ ဒီပူးနိုရွာကိုရောက်သည်။ ရောက်လာမည်ကိုကြို သတင်းရထား သောမဟာမိတ်ရဲဘော်များမှကျနော်တို့အဖွဲ့ကိုဝမ်းပမ်းတသာကြိုဆိုအနားယူစေသည်။ကျနော်တို့ခရီးထွက်သည့်အုပ်စုတွင် ငှက်ဖျားအပြင်းဖျား၍ငမ်းထနေသာပေါ်တာတစ်ဦးပါလာသည်။ထိုသူကိုပုခက်ဖြင့်သွာရောက်ထမ်းပြီးမဟာမိတ်ဆေးမှုး များနှင့် ကျနော်တို့ ဆေးမှုးများမှ ဆေးထိုး။ဆေးတိုက်ကြသည်။မကြာခင် မဟာမိတ်ရဲဘော်များချက်ကျွေးသော ဖရုံသီးဟင်းနှင့် ငါးပိရည် ငြုပ်သီး စပ်စပ်ကို ဆာဆာ နှင့်လွေးလိုက်ကြသည်။
တော်လှန်ရေးတွင်လက်တွေ့ ကွင်းဆင်းသည့်ကိစဏများတွင်အတော်မလွယ်ပါ။စာအုပ်ထဲမှအနစ်နာ ခံခဲ့သည့်တော်လှန်ရေးသမိုင်းပုံ ရိပ်တွေကိုအားကျ။ မွန်မြတ်သန့်စင်သည့်လူထုအတွက်ကိုယ်ကျိုးမဖက်ပဲမိမိအသက်ကိုပဓါဏမထားပဲအများအကျိုးအတွက်အ သက်ကိုပါမချန် ပေးဆပ်ခဲ့ကြသည့်ခေါင်းဆောင်ကြီးတွေကိုကြိတ်အားကျပြီးလက်တွေ့ တော်လှန်ရေးကြီးခရီးတစ်ခုထဲသို့  ကိုယ်တိုင်လျှောက်လှမ်းရပြီဆိုတော့ လူတွေပေါင်းစုံနှင့် ဆက်ဆံလုပ်ကိုင်နေရသည်မှာ ကိုယ်စိတ်တစ်ခုတည်းနှင့်တော့မလုံလောက် နိုင်။ အများနှင့် လျှောက်လှမ်းရသည့်ခရီးပန်းတိုင်တို့ တွင်အများသဘောတူညီမှုကိုခံယူပြီးသဘောတူချက်ပန်းတိုင်တွေကိုအတူတကွ လျှောက်လှမ်းရသည်၊အရာရာတိုင်းတွင်ကိုယ့်စိတ်နှင့်မတွေ့တာတွေဖြစ်လေ့ရှိသည်၊သို့ သော်တော်လှန်ရေးပါလားဟုသတိ အကြိမ်ကြိမ်ချပြီး ထစ်ကနဲရှိ ဖြစ်တတ်သည့်မလိုအပ်သည့်ဒေါသတွေကိုတဖြည်းဖြည်းထိမ်းသိမ်းရင်းရဲဘော်ရဲဘက်စိတ်ဆိုသည့် အေးအတူပူအမျှနေထိုင်သည့် စိတ်ဓါတ် လေး ကိုမွေး မြူတတ်ခဲ့သည်။
အရွယ်က တော်လှန်ရေးတွင် ငယ်ရွယ်တက်ကြွသည့်အရွယ်။ အရာရာကို ကိုယ်ထိလက်ရောက် ဝင်ရောက် လုပ်ကိုင်မှကျေ နပ်ကြသည့် အချိန် တွေလည်းဖြစ်သည်။ မှန်သည်မှားသည်ဦးစားမပေးပဲ မှန်တယ်ထင်ရာကို ဆုံးဖြတ်ချက်ချလိုက်တိုင်း မှန်သည့်အခါလည်း ရှိ မည်။ မှားသည်အခါလည်းရှိမည်။ ဒီတစ်ခါဆုံးဖြတ်မှုကြီး ကတော့ အကြိမ်ကြိမ် မှားခဲ့သည့် ဆုံးဖြတ် ချက်တွေမှ အကြီးဖြတ်ဆုံး။ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်သည် ကိုတော့ ကျေနပ်၍မဆုံးအောင် ဖြစ် နေခဲ့သည်။ သေနတ်ကြီးကိုထမ်း။ လူထုအတွက်ရအောင်တိုက်မည့် ဒီမို ကရေစီနိုင်ငံတော်သစ်ကို ကျနော်တို့ အရွယ်တွေကောင်းသည့် အချိန်မှာ အဖြူစင်ဆုံးပေးဆပ်ရတာကိုက မွန်မြတ်သန့် စင်သည့် လာခြင်းကောင်းခဲ့သူလို့ ကျေနပ်နေခဲ့သည်။ အသေမြတ် သော လက်တွေ့ လက်နက်ကိုင် တော်လှန် ရေးကြီးတွင် မွန်မြတ်သန့် စင်သည့် စိတ်ဓါတ်တွေ၏မေတ္တာတရားတွေကိုခံယူထွေးပိုက်ရင်းကျနော်တို့ ခရီးကို ကျနော်တို့ စိတ်ကူးတွေကိုယ်စီအတွေးနှော့ရင်းတော တောင်တွေ၏အလွမ်းအငွေ့တောင်တန်းကြီးတွေ။ မီးခိုးတိုင်လျှပ်စစ်မြို့ ပြတွေကို ချန်ထားပစ်ခဲ့ရင်း မိုင်ပေါင်းရာချီဝေးလွန်းလှသည့် တောင်စိမ်းစိမ်းတွေ၏အတွင်းကျကျကမြာမြေတစ်နေရာရာမှာ ခွပ်ဒေါင်းစစ်သည်အချို့ တစ်တောင်ပေါ်တစ်တောင်တက်ပြီးတောင် အမြင့်တွေ ပတ်ချန်ရံ ထားသည့် တောစိမ်းတောင်တန်း ရင်ခွင်ထဲမှာ ကျနော်တို့ တစ်တွေ ဆူးညှောင့်ခလုပ်တွေကို သတိကြီးစွာ ဖြတ် ကျော်ရင်း စိတ်ဓါတ်ခွန်းအားဖြင့် လိုအပ် ချက် ပန်းတိုင်တစ်ခုကို လက် တစ်ကမ်းသာလိုတော့သည့်ရွာမှာ ဒီညအိပ်ဖြစ်တော့မည်။
ကဗျာဆရာယောဟန်အောင်၏-ဗိုလ်ဆာကီးတောင်တန်းကရေတံခွန်ကြီးရဲ့ ပုံကနဂါးစိမ်းကြီးတစ်ကောင်ကသူ့အမြီးသူပြန်မျိုနေ သလိုမျိုး ကဗျာစာသားလေးကိုသဘောကျရင်းပေါ့ပါးစိမ်းလန်းစွာထိုင်ငေးနေမိသည်။ ရွာသားတစ်ယောက်ကျနော်တို့ ထံပြေးလာသည်။ အရေးကြီးသည့်ပုံ။ကျနော်တို့အဖွဲ့နေရာကိုယ်စီယူလိုက်ကြသည်။ အေကေသေနတ်လုံးခြုံရေးခလုပ်ကိုဖွင့်ပြီးဆေးပစ္စည်း ထမ်းထားသည့် ဆတ်သားတစ်ယောက်ကို အနောက်တွင် လွတ်လွတ်ထားလိုက်သည်၊တပ်စိပ်မှုးမှ ရွာသားနှင့်သစ်ပင်အကွယ်တွင်စကားတီးတိုးပြော နေကြသည်၊မကြာပါ-တပ်စိပ်မှုးမှ-ဗိုလ်ဆာကီးတောင်ထိပ်မှာရန်သူ့ဗျူဟာရုံ စိုက်ထားတယ်လို့သိရသည်။အခုကျနော်တို့နဲ့  နာရီဝက်သာသာခန့် မှာ အဲဒီတော့ လာလမ်းအတိုင်းနောက် ကိုပြန်ဆုတ်မယ်။ ခရီးနှောက်နှေးမှုမဖြစ်ရအောင်။
ကျနော်တို့ အဖွဲ့  ဗိုလ်ဆာကီးတောင်ကြောမှဆင်းပြီး ရန်သူနှင့်လမ်းကြောင်းလွဲသည့်နေရာတစ်ခုတွင် ရွာသားမှ လိုက်ပြပြီး တပ်မဟာ(၂)နယ် စပ်မှ ကာကွယ်ရေးတပ်များနှင့် သတင်းပေးဆက်သွယ်မှုပြုကြရသည်။ ထိုရွာမှာ ကျနော်တို့ စခန်းချသည်။
ယခင်ကဗိုလ်ဆာကီးဂိတ်တွင် အကောက်အခွန်ဂိတ်ထားသည့် ကာကွယ်ရေးတပ်ဖွဲ့ပြန်ဆုတ်ပြီး ယခုလို ကျနော်တို့ နှင့်ပြန်လည်ဆုံ ဆည်းမိခြင်း ဖြစ်သည်။ ထိုဂိတ်တွင်ဗြိတိသျှလက်ထက်ကတည်းကတော်လှန်ရေးတာဝန်ထမ်းဆောင်ခဲ့ဘူးသည့်ကေအန်ဒီအိုခေါင်း ဆောင်ဗိုလ်မှုးဖူးငယ်တူးကိုတွေ့သည်။ အဖူးငယ်ထူးမှာအသက်ကြီးသွားသော်လည်းယနေ့ အချိန်အထိဥပဓိရုပ်ကောင်းကောင်းနှင့် သန်သန်မာမာတွေ့ ရသည်။အဖြူရောင်တစ်ဝက်၊အနက်ရောင်တစ်ဝက်လုနေသည့်သူ၏ဆံပင်များကိုသေသပ်စွာဖြီးလိမ်းထားတာတွေ့ ရသည်။ သူဝတ်ထားသည့်ပုဆိုးအုန်းသီးခြောက် အရောင်ပေါ်တွင် စစ်ခါးပတ်ကိုပတ်ပြီးသူ၏ရဲဘော်များနှင့်တောထဲတောင်ထဲတွင်ကရင် အမျိုးသားလွတ်မြောက်ရေးတာဝန်များကိုတက်တက်ကြွကြွထမ်းဆောင်နေတာမြင်ရတော့ ကျနော်အတိုင်းအဆမရှိလေးစားနေမိသည်။ အဖူးမှ ကျနော်တို့ ကို ကျောင်းသားတပ်မတော်ကမှန်းသိ၍အစားအသောက်ဆင်း ရဲမှာစိုး၍လားမသိ။ကျနော်တို့ရောက် လျင်ရောက်ခြင်း နွားတစ်ကောင်ပေါ်၍သူ့ ရဲဘော်တွေကိုလည်းခွဲတမ်းကျဝေ။ကျနော်တို့အဖွဲ့ ကိုလည်းယခုချက်စားဘို့။လမ်းတွင်ရိက္ခာခြောက်လုပ်သွား ဘို့ မှာပြီးမိဘသဖွယ်ဆုံးမသြဝါဒပေး၏။သူ၏အိပ်ယာဘေးတွင်နေရှင်နယ်လေဒီယိုအဟောင်းလေးတစ်လုံး။ဟန်းကောရေနွေးအိုး တစ်လုံး။ပါးစပ်တွင်အမြဲလိုလိုသောက်သည့်ပိတောက်သားရောင်ဆေးတံအိုးကိုမကြာခဏဆေးတွေခြစ်ထုတ်ပြီးအေးဆေးတည်ငြိမ်စွာ ဖြင့်သူ၏ရှေးဟောင်းနှောင်းဖြစ်လေးတွေကိုရေနွေးသောက်ရင်းကျနော်တို့ကိုပြောပြနေသည်။ရှေ့ ဆက်ခရီးထွက်မည်ပြုတော့ ကျနော်တို့ အဖူးတဲသိုသွားပြီး ဂါဝရပြု နှုတ်ဆက်ထွက်ခွာခဲ့သည်။
ကျည်ဝေဖြိုး
ဆက်လက်ဖော်ပြသွားပါမည်။